ရန်ကုန်, မန္တလေး နေပြည်တော် စသောမြို့ကြီးများကို COD (Cash On Delivery) အိမ်ရောက်ငွေခြေစနစ်ဖြင့် ပိုပေးပြီး ကျန်မြို့များမှ မှာယူပါက Deposit 10000 ဖြင့် ပို့ပါသည်။ တာချီလိတ်၊ ကျိုင်းတုံ၊ လားရှိုး၊ လွိုင်လင်၊ မြစ်ကြီးနား၊ မြဝတီ အစရှိသော မြို့များသည် Return စနစ်မရှိသောကြောင့် All paid (ပစ္စည်းဖိုး Deli ခ အပြည့်) ပေးခြေပြီးမှ ပို့ပေးပါသည်။
နာမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် အတိအကျ မပေးမချင်း Order Confirm မဖြစ်ပါ။ First Time Customer များကို Deposit ယူပါသည်။
လက်ရှိတွင် The Yangon Atelier မှ AYA Mobile Banking, AYA Pay နှင့် KBZ Pay တို့ကိုသာ လက်ခံပါသည်။
ပစ္စည်းပေးပို့မည့်နေရာအတွက် အသင့်တော်ဆုံးဖြစ်မည့် Delivery Services များကို ရွေးခြယ်ပေးပို့ပါသည်။
ရန်ကုန်မြို့တွင်း အများဆုံး ၂ရက်မှ ၃ရက် အတွင်း အရောက်ပို့ပေးပါသည်။ (ပိတ်ရက်မပါ)
အခြားမြို့များအတွက် ၃ရက်မှ ၁ပါတ်အတွင်းအရောက် ပို့ပေးပါသည်။ (ပိတ်ရက်မပါ)။ ၂၄ နာရီအတွင်း အရောက်ပို့လိုပါက Grab Taxi or အခြား အငှားယဥ်ဖြင့် ကားတင်ပေးပါသည်။ ထိုသို့မှာယူမှုအတွက် ပစ္စည်းဖိုး + ကားခ ကြိုတင်ရှင်းပေးရပါမည်။
Delivery Services များ၏ ကြန့်ကြာမှု၊ မမျှော်မှန်းနိုင်သော ရာသီဥတု၊ ခရီးလမ်း အခြေအနေများရှိပါက The Yangon Atelier မှ အကောင်းဆုံးပူးပေါင်းတာဝန်ယူပေးပါမည်။ ထိုအခြေအနေများရှိနိုင်ကြောင်းကို ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။
The Yangon Atelier မှ Jewelry များကို မရောင်းချခင် တစ်ခုခြင်းစီကို factory error ပါမပါ သေသေချာချာ စနစ်တကျ စစ်ဆေးပြီးမှ Delivery အပ်ပေးပါသည်။ (ဥပမာ အနာအဆာ၊ ကျိုးနေခြင်း၊ ပဲ့နေခြင်း၊ ပြုတ်ထွက်နေခြင်း)။ အကြောင်းအမျိုးမျိုးကြောင့် (သယ်ယူပို့ဆောင်ရာတွင်၄င်း) Factory Error ပါပါက (ဥပမာ ကျိုးနေခြင်း၊ ပဲ့နေခြင်း၊ ပြုတ်ထွက်နေခြင်း) များ ဖြစ်နေပါက Deli ရောက်ရှိသည့် အချိန်/ လက်ခံရရှိသည့် အချိန်မှ ၂၄ နာရီအတွင်း message မှ တဆင့် ပုံရိုက်ပေးပို့ပြီး delivery ဖြင့် ပြန်လည်အပ်နှံပေးနိုင်ပါသည်။
တာဝန်အပြည့်ယူခြင်း > Deli ပြန်ပို့ခ + ပစ္စည်းအသစ် + ထပ်မံ ပြန်လည်ပေးပို့ခ ကို တာဝန်ယူပြီး ၇ ရက်အတွင်း ပြန်လည် ပေးပို့ပါမည်။ အမျိုးအစားတူ Stock မရှိတော့မှသာငွေပြန်အမ်းပေးပါသည်။
The Yangon Atelier မှ Jewelry လေးများသည် High Quality Grade Stainless Steel ကို အသုံးပြုထားပြီး 18K gold & Platinum plated များဖြစ်သောကြောင့် ရေစိုခံ ချွေးစိုခံပြီး အချိန်အလွန်ကြာသည်အထိ အရောင်မကျနိုင်ပါ။ သို့သော် အချို့ ဝယ်ယူသူများနှင့် ဓါတ်မတည့်ခြင်း၊ အရောင်ပြောင်းသွားခြင်းများရှိပါက ပစ္စည်း ရောက်ရှိ လက်ခံရသည့်နေ့မှ တစ်ပါတ်အတွင်း ပြန်လည်အကြောင်းကြားပေးပါက ပြန်လဲပေးပါသည်။ ရေမွှေးများ၊ ကလိုရင်းပါသောရေ၊ ချွတ်ဆေးများ၊ ဆာလဖာပါဝင်သော ပစ္စည်းများသည် အပေါ်ဆေးသားကို ထိစေနိုင်ပါသည်။ အထူးသဖြင့် ရွှေရောင်နှင့် Rose Gold အလွှာများသည် ထိုအရာများနှင့် ကြာရှည်ထိမရပါ။
သုံးစွဲသူကြောင့် ဖြစ်သော ခြစ်ရာ၊ အပိန်အချိုင့်၊ ဆေးသားထိထားခြင်း၊ ပြုတ်ကျထားခြင်း၊ ဆွဲဖြုတ်ထားခြင်း အစရှိသော အချက်များသည် Warranty တွင် မပါပါ။ ဆိုက်မှားဝယ်ယူခြင်းအတွက် ပစ္စည်းပြန်လဲမပေးပါ။ မဝယ်ယူခင် တိုင်းတာနည်းကို စနစ်တကျ ဖော်ပြ ရှင်းပြပေးပါမည်။ The Yangon Atelier မှ ပြထားသော Cm/mm များမှန်ကန်မှုအတွက် အာမခံပါသည်။
အစဥ်အားပေးကြသည့် Customer များကို အမြဲစိတ်ချမ်းသာအောင် အတတ်နိုင်ဆုံး ကြိုးစားသွားပါမည်။ ချစ်ခင်လေးစားရသော ဝယ်ယူသူများကို ကျေးဇူးတင်ပါသည်။